ရောင်နီတက်စ နံနက်ခင်း၌
ဖူးငုံခြင်းမှ ပွင့်လန်းလာ၍
လောကကြီးကို သူမြင်လေပြီ
လေယူရာ၌ လိုက်ပါလာသည့်
ထိုသူ့ရနံ့ သင်းပျံလှ၍
ရှုရှိုက်သူတို့ နှစ်သက်ကုန်၏
ဖွေးဖွေးဖြူဖြူ သူ့ ရုပ်လွှာမှာ
မြင်သူအဖို့ စိတ်ကြည်နူးလို့
လောကအလှ သူဆင်လေပြီ
သို့ပါသော်ငြား
လောကဓံတရား ရိုက်ခတ်လာလို့
ကြွေကျလျှင်ပင် စိတ်မပျက်နှင့်
ပင်ယံထက်မှ ကြွေကာကျလို့
မြေမှာခလည်း သဏ္ဍာန်မပျက်
ရနံ့မပျယ် တင့်တယ်လှတဲ့
အော် ..... စံပယ်
ထားသူတန်ဖိုး ကောက်ယူမယ့်သူ
ရှိနေအုံးမယ် ..
#မငိုပါနဲ့စံပယ်ငယ်
#ပိုင်တံခွန်